Hotline : 01-218323, 01-218303, 01-2314688, 0973009551, 0973009553, 09-73150619, 09-73106951, 0973106952
Opening Hours : Monday - Friday 08:30 - 18:00 | Saturday 08:30 - 13:30
Yangon – Tokyo – Osaka – Kyoto – Nara – Osaka – Tokyo – Yangon
Yangon – Tokyo – Osaka – Kyoto – Nara – Osaka – Tokyo – Yangon
Tour Code : –
Coverage : Yangon – Tokyo – Osaka – Kyoto – Nara – Osaka – Tokyo – Yangon
Tour Duration : 7 Days
Tour Type : Inbound Tour

Day 1

Day 01. ရန်ကုန် – တိုကျို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ANA Counter တွင် Check in ဝင်၍ ည (09:45)အချိန် တွင်တိုကျိုမြို့သို့ All Nippon Airways လေယာဉ် NH-814 ဖြင့်စတင်ထွက်ခွာပါမည်။

Accomodations : အိပ် – လေယာဉ်ပေါ်

Day 2

Day 02. တိုကျို

နံနက် (6:50)အချိန် တွင် တိုကျိုမြို့ရှိ Narita လေဆိပ်သို့ရောက်ရှိပြီးဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် ရှုခင်းကြည့်ရှုရန်သွားပါမည်။ ဆက်လက်၍ Asakusa &Nakamise Shopping Streetတွင် လမ်းလျှောက်ရင်းဈေးဝယ်ထွက်ပါမည်။ ပြီးနောက် ဂျပန်ရှိအမြင့်ဆုံးတာဝါဖြစ်သောTokyo Sky TreeရှိTembo Deckသို့အလှဓာတ်ပုံများရိုက်ရင်းသွားရောက်လေ့လာလည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် Ueno Parkတွင် အလှဓာတ်ပုံများကိုလည်းရိုက်နိုင်ပါသည်။ ထို့နောက် Ameyako Marketတွင် ဈေးဝယ်ထွက်ပါမည်။ ပြီးလျှင် ညစာသုံးဆောင်ပြီးဟိုတယ်သို့ပြန်ကာအိပ်စက်အနားယူပါမည်။

Day 3

Day 03. တိုကျို

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဂျပန်နိုင်ငံရှိအမြင့်ဆုံး နှင့် နာမည်အကြီးဆုံးဖြစ်သောဖူဂျီတောင် (Mount Fuji)သို့ သွားရောက် လည်ပတ်ပါမည်။ ပြီးလျှင် ဂျပန်နိုင်ငံရှိအကြီးဆုံးဗုဒ္ဓရုပ်ထု ဇြစ်သောKamakura Buddhaရှိသောဘုရားကျောင်းသို့ သွားရောက် ဖူးမြော်ပါမည်။ ထို့နောက် တိုကျိုသို့ ပြန်ကာညစာသုံးဆောင်ပြီးဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 4

Day 04. တိုကျို

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် တိုကျိုမြို့ရှိနာမည်ကျော် အပန်းဖြေဥယာဉ် ဖြစ်သောTokyo Disneylandသို့ သွားရောက်ပြီးပျော်ရွှင်စွာလည်ပတ်ကစားပါမည်။ နေ့လည်စာကို Disneyland တွင် အရသာရှိစွာသုံးဆောင်ကြပါမည်။ ထို့နောက် ညနေစာသုံးဆောင်ပြီးလျှင် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 5

Day 05. တိုကျို – အိုဆာကာ

နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီးလျှင် ကျည်ဆန်ရထားဖြင့် အိုဆာကာသို့ သွားရန် တိုကျိုဘူတာသို့ သွားပါမည်။ (11:20) အချိန်တွင် အိုဆာကာဘူတာသစ်သို့ ရောက်ရှိပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် အိုဆာကာရဲတိုက် (Osaka Castle)သို့သွားရောက်လေ့လာလည်ပတ်၍ အလှဓာတ်ပုံများရိုက်ကူးကြပါမည်။ ဆက်လက်၍ အိုဆာကာရှိအဓိကဈေးဝယ်ရန်အကောင်းဆုံးနေရာ ဖြစ်သောShinsaibashi Shopping Streetတွင် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။ ထို့နောက်ညစာသုံးဆောင်ပြီးဟိုတယ်သို့ပြန်ကာအိပ်စက်အနားယူပါမည်။

Day 6

Day 06. အိုဆာကာ – ကျိုတို – နာရ – အိုဆာကာ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကျိုတိုသို့ သွားရောက်လည်ပတ်ရန် စတင်ထွက်ခွာပါမည်။ ထို့နောက် ကျိုတိုရှိသမိုင်းဝင် အထိန်းအမှတ် ဖြစ်သောKiyomizu Templeသို့သွားရောက်လည်ပတ် ဖူးမြော်ပါမည်။ ဆက်လက်၍ နာမည်ကျော် သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်သောKinkakuji Templeသို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီးနာရသို့ ဆက်လက်၍ ထွက်ခွာပါမည်။ ထို့ပြင် နာရမြို့တွင်ရှိသောတန်ခိုးကြီးဘုရားကျောင်း ၇ ခုအနက်တစ်ခုအပါအဝင်ဖြစ်သောကမ္ဘာ့အကြီးဆုံးကြေးသွန်းဗုဒ္ဓရုပ်ထုကြီးရှိရာTodaji Templeသို့ သွားရောက်ဖူးမြော်ပါမည်။ ထိုမှတစ်ဆင့် နာရမြို့ရှိသမင်ပန်းခြံသို့ သွားရောက်၍ အလှဓာတ်ပုံများရိုက်ကူးရင်းအပန်းဖြေလည်ပတ်ပါမည်။ ပြီးနောက် နာရမှတစ်ဆင့် အိုဆာကာရှိ လျှပ်စစ်ပစ္စည်းများရောင်းချသောYodobashiCamera Multimedia Umedaသို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအနားယူအိပ်စက်ပါမည်။

Day 7

Day 07. အိုဆာကာ – တိုကျို – ရန်ကုန်

နံနက်စာကိုဟိုတယ်မှပေးသော Breakfast Box ဖြင့်သုံးဆောင်ပြီးအိုဆာကာမြို့ရှိ Kansai Itamiလေဆိပ်မှ လေယာဉ် NH-2176 ဖြင့် တိုကျိုမြို့ သို့ပြန်ပါမည်။ ထို့နောက် တိုကျိုမြို့ရှိ Narita လေဆိပ်မှတစ်ဆင့် လေယာဉ် NH-813 ဖြင့်ညနေ (4:05) အချိန်တွင်ရန်ကုန်မြို့ သို့ ပျံသန်းရောက်ရှိပါမည်။

Inclusive Services
  • All Nippon Airways ဖြင့် အသွားပြန် လေယာဉ် လက်မှတ်
  • ကြယ်(၃) ပွင့် အဆင့်ရှိဟိုတယ်ကြီးများတွင် (၂) ယောက်ခန်းများဖြင့် (၅) ညတာတည်းခိုစရိတ်များ
Exclusive Services
  • ကိုယ်ပိုင်အသုံးစရိတ်များ
  • စားသောက်ဆိုင်များတွင် သီးသန့် ထပ်မံမှာယူသော Food & Beverage နှင့် လည်ပတ်သောနေရာများတွင် ရွေးချယ်ထား ခြင်းမရှိသောကစားခြင်းများ
  • ဟိုတယ်တွင် Mini Bar နှင့် အဝတ်လျှော် Service များအသုံးပြုခြင်း နှင့် ပျက်စီးဆုံးရှုံးမှု (အခန်းသော့ ၊ သဘက်အစရှိသည့်)
  • မိမိ Luggage အားအခန်းတွင်းသို့ သယ်ဆောင်ခ
  • Airline မှ သတ်မှတ်ထားသောအလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခ