Hotline : 01-218323, 01-218303, 01-2314688, 0973009551, 0973009553, 09-73150619, 09-73106951, 0973106952
Opening Hours : Monday - Friday 08:30 - 18:00 | Saturday 08:30 - 13:30
Yangon – Hanoi – Haloung – Hanoi – Yangon
Yangon – Hanoi – Haloung – Hanoi – Yangon
Coverage : Yangon – Hanoi – Haloung – Hanoi – Yangon
Tour Duration : 4 Days
Tour Type : Inbound Tour

Day 1

Day 01. ရန်ကုန် – ဟနွိုင်း

ရန်ကုန်မှ ညနေ (6:55) အချိန်တွင် ရန်ကုန်မှ စတင်ထွက်ခွာလာပြီးနောက် ဟနွိုင်းလေဆိပ်သို့ (9:20) အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီးဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။

Day 2

Day 02. ဟနွိုင်း – ဟလောင်း

မနက်စာသုံးဆောင်ပြီးနောက် အာရှတိုက်၏ ဟာဝိုင်ယီဟုတင်စားခေါ်ဝေါ်ရလောက်အောင် လှပလွန်းလှသည့် ဟလောင်းပင်လယ်အော်သို့ ဆက်လက်ထွက်ခွာပါမည်။ လမ်းခရီးတွင် ဗီယက်နမ်ရိုးရာလက်မှုပစ္စည်းများအမှတ်တရလက်ဆောင်များလေ့လာဝယ်ယူနိုင်ပါသည်။ ဆိပ်ကမ်းသို့ ရောက်ရှိပြီးလျှင် တစ်ဆင့်သွားလှေဖြင့် ဟလောင်းသင်္ဘောပေါ်သို့ ဆက်သွားပါမည်။ သဘောၤမှ welcome drink ဖြင့် ကြိုဆိုနှုတ်ဆက်ပြီးနေ့လည်စာအားပင်လယ်အတွင်းစိတ်ကူးယဉ်ဆန်စွာငေးမောကြည့်ရှုရင်းသုံးဆောင်ပါမည်။ ဟလောင်းပင်လယ်အော်၏ အလှဆုံးသောဂူဖြစ်သည့် Surprise Caveသို့ သွားရောက်ပြီးအမှတ်တရဓာတ်ပုံများရိုက်ကူးကြပါမည်။ ဟလောင်းမြို့၏ သမိုင်းဝင်အငွေ့အသက်များ ပြည့်နှက်နေသည့် မြရောင်ရေပြင်ကျယ်၏ အလှအပများကို Tiptop တောင်ထိပ်မှ ခံစားကြပါမည်။ ထို့နောက် ကယက်လှေငယ်စီးခြင်း ၊ Bamboo Boat စီးခြင်းတို့ကိုတစ်မျိုးမျိုးရွေးချယ်ကာ ပြုလုပ်နိုင်ပါသည်။ ဟလောင်း၏ ညအလှကို Bar တွင် မိတ်ဆွေများနှင့် ကြည့်ရှုခံစားရင်းစကားစမြည်ပြောခြင်း ၊ ညပိုင်းငါးမျှားခြင်းတို့ဖြင့် အပန်းဖြေနိုင်ပါသည်။ ထို့နောက် Drum ဂူအနီးရှိ Ho Dong Tien ဧရိယာအတွင်းရပ်နားကာသဘောၤပေါ်တွင် အနားယူအိပ်စက်ပါမည်။

Day 3

Day 03. ဟလောင်း- ဟနွိုင်း

နံနက် (6:30) အချိန်တွင် အိပ်ယာမှထကာလက်ဆတ်သောပင်လယ်လေများရှုရိုက်ရင်းကျန်းမာရေးအတွက် အတွေ့အကြုံသစ်အဖြစ် ထိုက်ကျိကစားခြင်းများ ပြုလုပ်နိုင်ပါသည်။ နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့ခုနှစ်ခုမြောက်အံ့ဖွယ်ရာလှပသည့် ဟလောင်းပင်လယ်အော်၏ အလှများကို Cruise စီးရင်းလှည့်လည်ကြည့်ရှုကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဟနွိုင်းAncient Streetတွင် လမ်းလျှောက်ရင်းပျော်ရွှင်စွာဈေးဝယ်နိုင်ရန် နာမည်ကြီးဈေးဝယ်စင်တာများဖြစ်သည့် Royal Gate (Dong Xuan)သို့မဟုတ် Vincome Time Cityသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် အနားယူရန် ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။

Day 4

Day 04. ဟနွိုင်း – ရန်ကုန်

နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ဟိုချီမင်းနေထိုင်ခဲ့သည့် Presidential Palaceသို့ သွားရောက်လေ့လာပါမည်။ ထို့ပြင် Ho Chi Min Museum နှင့် Dinh Square သို့ သွားရောက်၍လှည့်ပတ်ကြည့်ရှုပါမည်။ ရေကန်ထဲတွင် ကြာပန်းပုံဒီဇိုင်းဆန်းဖြင့် ဆောက်လုပ်ထားသောOne Pillar Pagoda နှင့် ဗီယက်နမ် ဒီဇိုင်းမုဒ်ဦးကြီးဖြင့် လှပသောဥယျာဉ်လေးအဖြစ် တည်ရှိရာTemple of Literature နှင့် Ngoc Son Templeများသို့ သွားရောက်လည်ပတ်ပါမည်။ West Lakeအနီးရှိဟနွိုင်းမြို့၏ ရှေးအကျဆုံးဘုရားကျောင်းကြီး ဖြစ်သည့် သို့ သွားရောက် လည်ပတ်ပြီးနောက် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် Noi Bai လေဆိပ်မှ Vietnam Airline ဖြင့် (4:30) အချိန်တွင် ပြန်လည်ထွက်ခွာလာရာရန်ကုန်သို့ (6:00) အချိန်တွင် ပြန်လည်ရောက်ရှိပါမည်။

Travel and Tour Service Company
Inclusive Services
  • ကြယ် (၃) ပွင့် ဟိုတယ်တွင် (၂) ယောက် အိပ်ခန်း (Twin Sharing)
  • လည်ပတ်မှုနှင့် လေဆိပ်ကြိုပို့မှုများအတွက် Air Con ကားအသုံးပြုခြင်း
  • မနက်စာ ၊ နေ့လည်စာ ၊ ညစာ (ခရီးစဉ်တွင် ဖော်ပြထားသော)
  • ဝင်ကြေးများ (ခရီးစဉ်တွင် ဖော်ပြထားသော)
  • English စကားပြောဧည့်လမ်းညွှန် နှင့် ခရီးစဉ် အဖွဲ့ခေါင်းဆောင်
Exclusive Services
  • အပြည်ပြည်ဆိုင်ရာလေယာဉ်လက်မှတ် (Economy – B class)
  • ဟိုတယ်ခန်းအတွင်းဖုန်းအသုံးပြုမှုများ၊ မီနီဘားအသုံးပြုခြင်များ
  • Single Supplement (တစ်ဦးတည်းတစ်ခန်းသီးသန့်တည်းခိုခြင်း)
  • စားသောက်ဆိုင်များတွင် အပိုဆောင်းသီးသန့် မှာယူစားသောက်ခြင်း
  • ကိုယ်ပိုင်စရိတ်များး
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသောလည်ပတ်မှုနှင့် ဝင်ကြေးများ ၊ အချိန်ပိုကြေးများ