Hotline : 01-218323, 01-218303, 01-2314688, 0973009551, 0973009553, 09-73150619, 09-73106951, 0973106952
Opening Hours : Monday - Friday 08:30 - 18:00 | Saturday 08:30 - 13:30
Yangon – Chiang Mai – Chiang Rai – Golden Triangle – Chiang Mai -Yangon
Yangon – Chiang Mai – Chiang Rai – Golden Triangle – Chiang Mai -Yangon
Coverage : Yangon – Chiang Mai – Chiang Rai – Golden Triangle – Chiang Mai -Yangon
Tour Duration : 4 Days
Tour Type : Inbound Tour

Day 1

Day 01. ရန်ကုန် – ချင်းမိုင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ချင်းမိုင်သို့ လေယာဉ် ဖြင့် စတင်ထွက်ခွာပါမည်။ ချင်းမိုင်သို့ရောက်လျှင် ဒေသခံ ဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက် ကြိုဆိုပါမည်။ ပြီးလျှင်ဒေသခံစားသာက်ဆိုင်တွင် ညစာသုံးဆောင်ပြီး ဟိုတယ်တွင် Check in ဝင်၍ တစ်ညတာ အိပ်စက်အနားယူပါမည်။

Accomodations: The Imm Hotel or Similar

Day 2

Day 02. ချင်းမိုင်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ချင်းမိုင်မြို့ထဲသို့ လည်ပတ်ရန် ဟိုတယ်မှစတင်ထွက်ခွာပါမည်။ ပထမဦးစွာ ချင်းမိုင်ရှိ Lanna ဗိသုကာလက်ရာများနှင့် တည်ထားသော ရှေးဟောင်း ဘုရား ၂၀၀ ကျော် ရှိသော Wat Para Sigh သို့ သွားရောက် လည်ပတ်၍ ဖူးမြော်ပါမည်။ ပြီးနောက် (၁၅၄၅) ခုနှစ်က ငလျင်ကြောင့် ပျက်စီးသွားခဲ့သော ပေ (၂၈၀) အမြင့်ရှိသည့် Wat Chedi Luang ဗုဒ္ဓဘုရား ကျောင်းသို့ သွားရောက် လေ့လာလည်ပတ်ပါမည်။ ထိုမှတစ်ဆင့် Warorot Market သို့ မြောက်ပိုင်းလူမျိုးများ၏ ဘဝနေထိုင်မှု စတိုင်ကို လေ့လာရန် သွားရောက်ကြည့်ရှု့ကြပါမည်။ ပြီးနောက် သစ်ခွပန်း မျိုးစုံ ရှိသော Orchid farm (သစ်ခွခြံ) သို့ ဆက်လက်လည်ပတ်၍ အလှဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပြီး မီနီဗန်ကား (Minivan)ဖြင့် Doi Suthep Templeသို့ ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် ညနေစာ ကို Local စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ချင်းမိုင် Night Safari သို့သွားရောက်လည်ပတ်ပါမည်။ ပြီးလျှင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

Accomodations: The Imm Hotel or Similar

Day 3

Day 03. ချင်းမိုင် – ချင်းရိုင် – ရွှေတြိဂံနယ်မြေ – ချင်းမိုင်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးလျှင် ချင်းမိုင်ရှိ ဟိုတယ်မှ ချင်းရိုင်မြို့သို့ ထွက်ခွာပါမည်။ ဆက်လက်၍ ချင်းရိုင်ရှိ Mae Ka Chanရေပူစမ်း တွင် သွားရောက်၍ အပန်းဖြေအနားယူ လည်ပတ်ပါမည်။ ထိုမှတစ်ဆင့်Wat Rongkhun ဟုခေါ်သော ဘုရားဖြူသို့ သွားရောက်ဖူးမြော်ပါမည်။ ဆက်လက်၍ မြန်မာ ၊ ထိုင်း ၊ လာအို (၃) နိုင်ငံဆုံရာ ရွှေတြိဂံနယ်မြေ (Golden Triangle) သို့ သွားရောက်လေ့လာ လည်ပတ်ကြ ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Boat Trip ဖြင့် Donsao (Laos Island) သို့ သွားရောက်အပန်းဖြေလည်ပတ်ပါမည်။ ပြီးလျှင် ချင်းမိုင်သို့ ပြန်လာပြီး ညစာသုံးဆောင်၍ ဟိုတယ်သို့ ပြန်ကာ အနားယူ အိပ်စက်ပါမည်။

Accomodations: The Imm Hotel or Similar

Day 4

Day 04. ချင်းမိုင် – ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် လွတ်လပ်စွာ ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာသုံးဆောင် ပြီးလျှင် ချင်းမိုင်လေဆိပ်မှ တစ်ဆင့် ရန်ကုန်သို့ ပြန်လည် ထွက်ခွာပါမည်။

Travel and Tour Service Company
Inclusive Services
  • လေယာဉ်လက်မှတ်(အသွားအပြန်)
  • 3* Hotel တွင် (၃) ညတာတည်းခိုခွင့်
  • မနက်စာ၊ နေ့လည်စာ နှင့် ညစာတို့ပါဝင်ခြင်း (ဖော်ပြထားခြင်းမရှိသည်မှအပ)း
  • လေအေးပေးစက်တပ်ဆင်ထားသော ကားဖြင့်ခရီးစဉ် အစအဆုံး ပို့ဆောင်ပေးခြင်း
  • ဝင်ကြေးများ
  • အင်္ဂလိပ် စကားပြောဧည့်လမ်းညွှန်ပါဝင်ခြင်း
  • Local Guide
  • တစ်နေ့လျှင် ရေသန့်တစ်ဗူး
Exclusive Services
  • ဟိုတယ်ခန်း minibar မှ စားသောက်သောအစားအသောက်များ
  • မိမိဘာသာ ဝယ်သူသုံးဆောင်သော အစားအသောက်များ
  • အသုံးစရိတ်
  • အထုပ်အပိုးများ ဝန်ပိုကြေး
  • ဝန်ဆောင်မှုတွင်မပါဝင်သော အကြောင်းအရာများ
  • ခရီးစဉ်တွင်မပါသောနေရာများကိုမိမိဘာသာသွားလျှင်တစ်ခုခုဖြစ်လာပါကမိမိဘာသာရှင်းရပါမည်။