Korea Trip
Tour Code :
Coverage : Yangon-Hongkong-Jeju-Seoul-Nami Island-Hongkong-Yangon
Tour Duration : 8 Days
Tour Type : Outbound Tour
YANGON
Tour အဖွဲ့သားများ ည (22:30) P.M တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိ်ပ် Terminal-1 ရှိ KFC ကြက်ကြော်ဆိုင်ရှေ့တွင် စုစည်းမည်။
YANGON – HONG KONG – JEJU
YANGON မှ HONG KONG သို့ KA251 (01:10/05:45) လေယာဉ်ဖြင့် စတင်ထွက်ခွာပါမည်။ ထို့နောက် HONG KONG မှ JEJU သို့ KA326 (08:40/12:50) ဖြင့် ခရီးဆက်မည်။ နေ့လည်စာ သုံးဆောင်ပြီး YONGDUAM ROCK နဂါးပုံကျောက်ဆောင်နှင့် OEDOLAGE သို့ သွားရောက်လည်ပတ်မည်။ ထို့နောက် ကိုးရီးယားလူမျိုး၏ ၀တ်စားဆင်ယင်မှု နှင့် ဓလေ့ထုံးစံကို လေ့လာရန် JEJU FOLK & HISTORY MUSEUM သို့ သွားမည်။ Dinner သုံးဆောင်ပြီး ဟိုတယ်သို့ ၀င်ရောက်အနားယူမည်။
JEJU
ABF at Hotel
Breakfast သုံးဆောင်ပြီး MYSTERIOUS ROAD, CHEONJIYEON WATERFALLS ရေတံခွန်၊ SEONGEUP FOLK VILLAGE တိုင်းရင်းသားကျေးရွာ နှင့် SANGUMBURI သို့ သွားရောက်လည်ပတ်မည်။ ထို့နောက် ALL IN ဇာတ်ကား၏ရိုက်ကွင်းဖြစ်သည့် SEOPJIKOJI ကမ်းစပ်သို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာ သုံးဆောင်မည်။ ထိုမှတဆင့် သဘာဝကမ္ဘာ့အံံ့ဖွယ် (၇)ခု အနက်မှ တစ်ခုပါ၀င်သည့် SEONGSAN SUNRISE တောင်သို့သွးရောက်ရှုစားမည်။ ပြီးနောက် JUSANGJULRI ဆန်းကြယ်သည့် ကျောက်ဆောင်များသို့ သွားရောက်လည်ပတ်မည်။ Dinner သုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက်အနားယူမည်။
JEJU – SEOUL
Breakfast သုံးဆောင်ပြီး JEJU မှ SEOUL သို့ xxxxx(xx:xx/xx:xx) လေယာဉ်ဖြင့် ခရီးဆက်မည်။ SEOUL သို့ ရောက်ရှိပြီးနောက် ရောင်စုံမီးရောင်များဖြင့်လှပနေသော GWANGMYEONG Cave သွားရောက်ကာ အလှဓာတ်ပုံများ ရိုက်ကူးကြမည်။ ထို့နောက် ဗုဒ္ဓဆင်းထုတော်ပေါင်း (၃၀၀၀) ကျော် ရှိသော WAUJEONGSA Temple ကို သွားရောက်ဖူးမျှော်ကြမည်။ ထို့နောက် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (World Heritage) ဟု အသိအမှတ်ပြုခဲ့သော HWASUNG FOORTRESS (မြို့ရိုးဟောင်း) သို့ သွားရောက်လေ့လာမည်။ Dinner သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ၀င်ရောက်အနားယူမည်။
SEOUL
Breakfast သုံးဆောင်ပြီး Strawberry စိုက်ခင်းသို့ သွားရောက်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီး Everland Theme Park တွင် ကစားနည်းမျိုးစုံကို လွတ်လပ်စွာ ကစားနိုင်သည်။ ထို့နောက် Dinner သုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက် အနားယူမည်။
SEOUL
Breakfast သုံးဆောင်ပြီး GYEONBOK Palace (နန်းတော်) ကိုလည်ပတ်မည်။ နေ့လည်စာ သုံးဆောင်ပြီး ပြတိုက်၊ Blue House (သမ္မတ အိမ်တော်) ရုံးဆိုက်ရာ အဆောက်အဦးများသို့ သွားရောက်လည်ပတ်ရင်း Kimchi Land တွင် ကင်(မ်)ချီပြုလုပ်ပုံ အဆင့်ဆင့်များကို လေ့လာသင်ယူပြီး မိမိ Group နှင့် ကိုးရီးယားဝတ်စုံဝတ်ကာ ဓာတ်ပုုံရိုက်မည်။ ထို့နောက် DONGDAEMUN စျေးတွင် စျေးဝယ်ပြီး Dinner သုံုးဆောင်မည်။ တဖန် Nanta Show (မီးဖိုချောင်သုံးပစ္စည်းဖျော်ဖြေပြသသည့်ပွဲ) သို့သွားရောက်ရှုစားပြီး ဟိုတယ်သို့ဝင်ရောက်အနားယူမည်။
SEOUL – NAMI ISLAND – SEOUL
Breakfast သုံးဆောင်ပြီး သင်္ဘောဖြင့် Nami Island သို့ ခရီးဆက်ပြီး ကျွန်း၏သဘာဝအလှရှုခင်းများကို လှည့်လည်ကြည့်ရှုပြီး နေ့လည်စာ သုံးဆောင်မည်။ GANGCHON Rail Bike ခြေဖြင့်နင်းရသော ရထားလှည်းများကို စီးနင််းကြမည်။ ထို့နောက် SEOUL သို့ ပြန်လာပြီး ကိုးရီးယားရိုးရာ အဆောက်အဦး၊ မင်္ဂလာအခမ်းအနား စသည့်နေရာများတည်ရှိသော NAMSAN HANOK Village သို့သွားရောက်၍ အမှတ်တရဓာတ်ပုံရိုက်မည်။ ထို့နောက် SEOUL TOWER ပေါ်တက်ပြီး မြို့တစ်မြို့လုံး၏ အလှကို ရှုစားမည်။ Dinner သုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက် အနားယူမည်။
SEOUL , SEOUL – HONG KONG
Breakfast သုံးဆောင်ပြီး SEOUL မြို့၏ အဓိကစျေး DONGWHA Duty Free သို့ သွားရောက်ပြီး နေ့လည်စာ သုံးဆောင်မည်။ ထို့နောက် CHEONGGYECHEON တူးမြောင်း၏ ရှုခင်းအလှကို ရှုစားကာ MYEONG DONG စျေးသို့ သွားရောက်လည်ပတ်မည်။ Dinner သုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက်အနားယူမည်။
Breakfast သုံးဆောင်ပြီး Trick Eye Museum သို့ ပို့ဆောင်ပေးမည်။ ထို့နောက် ဒေသထွက်စားသောက်ကုန်များရောင်းသော Supermarket တွင်စျေးဝယ်မည်။ နေ့လည်စာသုံးဆောင်ပြီး SEOUL မှ HONG KONG သို့ CX411 (15:10/17:55) လေယာဉ်ဖြင့် ခရီးဆက်မည်။ HONG KONG မှ YANGON သို့ KA250 (21:45/23:30) လေယာဉ်ဖြင့် အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။
ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုစရိတ်များ
- Korea Visa
- လေယာဉ်လက်မှတ်် (Cathay Dragon Airlines)
- ဟိုတယ်ခန်းများတွင် နံနက်စာအပါအဝင် အခန်းတစ်ခန်းတွင်(၂)ဦးနှုန်း တည်းခိုခများ၊
- ခရီးစဉ်တလျှောက် စားသောက်ဆိုင်များတွင် ဖော်ပြပါ Breakfast, Lunch, Dinner စားသောက်စရိတ်များ၊
- လေဆိပ်ကြို/ပို့နှင့်ဖော်ပြပါခရီးစဉ်အတိုင်း သီးသန့်ကားများဖြင့် အလည်အပတ်အစီအစဉ်များ
- ဖော်ပြပါခရီးစဉ်အတိုင်း ပြည်တွင်းလေယာဉ်လက်မှတ်၊ ကျည်ဆန်ရထား၊ Cable Car ၊ သင်္ဘော များဖြင့် အလည်အပတ်အစီအစဉ်များ၊
- သက်ဆိုင်ရာ ၀င်ကြေးများ၊
- ဒေသခံဧည့်လမ်းညွှန် လိုက်ပါစီစဉ်ပေးမှု၊ လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် Tips Money အပါအဝင်၊
- အာမခံကြေး (Insurance)
ခရီးစဉ်တွင်မပါဝင်သော ဝန်ဆောင်မှုစရိတ်များ
- ခရီးစဉ်တွင်မပါ၀င်သော အစီအစဉ်များ၊ ညပွဲများ စသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ၊
- Hotel များတွင် Mini-bar အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်းအသုံးပြုကုန်ကျစရိတ်များ၊
- အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ(ဥပမာ-သောက်ရေသန့်ဘူး၊အချိုရည်၊ အဖျော်ယမကာခများ၊ Hotel တွင်အဝတ်လျှော်ခများ စသဖြင့်)
- ပြည်တွင်း/ပြည်ပ လေယာဉ်များတွင် ၀န်ပိုတန်ဆာများ၊
- ဖော်ပြမထားသော အစားအသောက်စရိတ်များ၊
- ခရီးစဉ်တွင် ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ။