Japan Trip
Tour Code : WB001JPN
Coverage : YANGON-TOKYO–OSAKA–NARA–OSAKA–KYOTO–NAGOYA–FUJI-KAWAGUCHI LAKE–TOKYO–YANGON
Tour Duration : 9 Days
Tour Type : Outbound Tour
YANGON – TOKYO
Japan Tour အဖွဲ့သားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 သို့ ည 7:30 p.m အရောက် စုစည်းပြီး ရန်ကုန်မှ Narita လေဆိပ်သို့ NH814 (21:45/06:50+1) လေယာဉ်ဖြင့် ခရီးစတင်ကြပါမည်။
TOKYO – OSAKA – NARA – OSAKA
HANEDA ပြည်တွင်းလေဆိပ်မှ OSAKA မြို့သို့ NH19 (10:00/11:05) လေယာဉ်ဖြင့် ခရီးဆက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီး NARA မြို့သို့ ကားဖြင့် ခရီးဆက်ကြပါမည်။ NARA မြို့တွင် ဂျပန်နိုင်ငံ၏ အကြီးဆုံးနှင့် ရှေးအကျဆုံး ဘုရားဆင်းတုတော် ဖြစ်သည့် TODAIJI သို့ သွားရောက်ဖူးမျှော်ရင်း ရွှေသမင်များဖြင့် အမှတ်တရဓါတ်ပုံရိုက်မည်။ ထို့နောက် SHINNSAIBASHI စျေးသို့ လည်ပတ်ရင်း Dinner ကိုသုံးဆောင်ပါမည်။ ၄င်းနောက် ဟိုတယ်သို့ Check In ဝင်၍ အနားယူပါမည်။
OSAKA
ABF at Hotel
Breakfast သုံးဆောင်ပြီး OSAKA မြို့၏ အထိမ်းအမှတ်အဖြစ် ထင်ရှားသော OSAKA Castle သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Buffet ဖြင့်သုံးဆောင်ပြီး Universal Studio သို့ သွားရောက် လည်ပတ်ကစားပါမည်။ ၄င်းတွင်ရှိသော ပြပွဲအမျိုးမျိုးနှင့် ကစားနည်းမျိုးစုံများကို အခကြေးငွေ ထပ်ပေးရန်မလိုဘဲ လွတ်လပ်စွာ ကစားနိုင်သည်။ ညနေ(၅) နာရီတွင် မိမိ group နှင့် စုစည်းကာ Dinner သွားရောက်သုံးဆောင်ပြီး တည်းခိုမည့်ဟိုတယ်သို့ ပြန်ဝင်ကာ အနားယူပါမည်။
OSAKA – KYOTO – NAGOYA
Breakfast သုံးဆောင်ပြီး ဘုရင်များနန်းတည်ခဲ့သော KYOTO မြို့သို့သွားရောက်ကာ City Tour ဖြင့် လည်ပတ်ရင်း KINKAKU-JI နှင့် HEIAN SHRINE ဘုရားကျောင်းများသို့ သွားရောက် ဖူးမျှော်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီး KIYOMIZU ဘုရားကျောင်းသို့သွားရောက်ပြီး ဘုရားစောင်းတန်းစျေး တစ်လျှောက်တွင် အလွန်ဆွဲဆောင်မှုရှိသော ဂျပန်ရိုးရာလက်ဆောင်ပစ္စည်းများနှင့် အစားအစာများကို ဝယ်ယူနိုင်သည်။ ၄င်းနောက် NAGOYA မြို့သို့ ကားဖြင့် ခရီးဆက်ပါမည်။ Dinner ကို Buffet BBQ ဖြင့် အဝသုံးဆောင်ကြပါမည်။
NAGOYA – FUJI
Breakfast သုံးဆောင်ပြီး ကမ္ဘာကျော် ဂျပန်ကျည်ဆန်ရထား စီးဖူးသည်ရှိအောင် သွားရောက်စီးနင်းကြမည်။ ထို့နောက် ဂျပန်တွင်အမြင့်ဆုံးတောင်ဖြစ်သည့် FUJI တောင်သို့ ခရီးဆက်ပါမည်။ နေ့လည်စာကို ဂျပန်ရိုးရာအစားအစာဖြင့် သုံးဆောင်ပြီးနောက် လက်ဆောင်ပစ္စည်း ဝယ်ယူနိုင်ရန် GOTENBA Outlet သို ့ပို့ဆောင်ပေးကာ ရာသီဥတုသာယာပါက FUJI တောင် (ငါးဆင့်) အထိ ကားဖြင့်တက်ပြီး တောင်၏သဘာဝအလှကို ရှုစားပါမည်။ ထို့နောက် KAWAGUCHI Lake သို့သွားရောက်ပြီး ကန်၏အလှနှင့်အတူ FUJI တောင်၏ အလှကိုုပါ တွဲဖက်ခံစားနိုင်သည်။ ဟိုတယ်သို့ Check In ဝင်ပြီး ဟိုတယ်အတွင်းရှိ ရေပူစမ်းတွင် အပန်းဖြေကာ Group နှင့် ရိုးရာဝတ်စုံဝတ်ဆင်ပြီး Dinner ကို ဂျပန်ရိုးရာအစားအစာဖြင့် ပျော်ရွှင်စွာ ဆင်နွှဲပါမည်။
KAWAGUCHI LAKE – TOKYO
Breakfast သုံးဆောင်ပြီး မီးတောင်ရှင် OWAKUDANI သို့ Cable Car စီးပြီးသွားရောက်လေ့လာမည်။ ထို့နောက် ASHI Lake သို့ခရီးဆက်ပါမည်။ အမျိုးသားဥယာဉ်၏ သဘာဝအလှကို ASHI Lake တွင် သင်္ဘောစီးပြီး ရှုစားမည်။ နေ့လည်စာ သုံးဆောင်ပြီး KAMAKURA ဘုရားသို့သွားရောက်ဖူးမျှော်ပါမည်။ KAMAKURA မှတဆင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးမြေနေရာ GINZA ရပ်ကွက်သို့ သွားရောက်လေ့လာကာ Dinner ကို Buffet BBQ ဖြင့် အဝသုံးဆောင်ကြမည်။ ထို့နောက် တည်းခိုမည့်ဟိုတယ်သို့ ပြန်ဝင်ကာ အနားယူကြပါမည်။
TOKYO
Breakfast သုံးဆောင်ပြီး TOKYO City Tour ဖြင့် TOKYO Sky Tree (350mm) သို့ သွားရောက်ပြီး ASAKUSA ဘုရားသို့ သွားရောက်ဖူးမျှော်ပါမည်။ ထိုနေရာတွင် အမှတ်တရ ရိုးရာစ္စည်းများကိုလည်း ဝယ်ယူနို်င်ပါသည်။ နေ့လည်စာကို သုံးဆောင်ပြီး Imperial Palace သို့သွားရောက် လည်ပတ်ပါမည်။ ၄င်းနောက် TOKYO တွင် အထင်ရှားဆုံးနေရာဖြစ်သော SHINJUKU သို့ ပို့ဆောင်ပေးပြီး Dinner သုံးဆောင်ကြပါမည်။
TOKYO
Breakfast သုံးဆောင်ပြီး Rainbow Bridge ရှေ့တွင် အမှတ်တရ ဓါတ်ပုံရိုက်ပြီး Disneyland သို့ သွားရောက်ကစားကြပါမည်။ ၄င်းတွင်ရှိသော ကစားနည်းမျိုးစုံများကို အခကြေးငွေ ထပ်ပေးရန်မလိုဘဲ တနေ့လုံး လွတ်လပ်စွာ ကစားနိုင်သည် (နေ့လည်စာအစီအစဉ် မပါဝင်ပါ)။ ညနေတွင် မိမိ Group နှင့် Disneyland အဝတွင် Dinner သုံးဆောင်ရန် စုစည်းကြမည်။ ထို့နောက် တည်းခိုမည့်ဟိုတယ်သို့ ပြန်ဝင်ကာ အနားယူကြပါမည်။
Day 9
TOKYO – YANGON
Breakfast သုံးဆောင်ပြီး NARITA လေဆိပ်သို့ ပို့ဆောင်ပေးကာ NH813(13:50/18:30) လေယာဉ်ဖြင့် အမိမြန်မာပြည် ရန်ကုန်မြို့သို့ အေးချမ်းပျော်ရွှင်စွာ ပြန်လည်ရောက်ရှိပါမည်။
ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုစရိတ်များ
- Japan Visa
- လေယာဉ်လက်မှတ်် (Direct Flight – All Nippon Airlines)
- ဟိုတယ်ခန်းများတွင် နံနက်စာအပါအဝင် အခန်းတစ်ခန်းတွင်(၂)ဦးနှုန်း တည်းခိုခများ၊
- ခရီးစဉ်တလျှောက် စားသောက်ဆိုင်များတွင် ဖော်ပြပါ Breakfast, Lunch, Dinner စားသောက်စရိတ်များ၊
- လေဆိပ်ကြို/ပို့နှင့်ဖော်ပြပါခရီးစဉ်အတိုင်း သီးသန့်ကားများဖြင့် အလည်အပတ်အစီအစဉ်များ
- ဖော်ပြပါခရီးစဉ်အတိုင်း ပြည်တွင်းလေယာဉ်လက်မှတ်၊ ကျည်ဆန်ရထား၊ Cable Car ၊ သင်္ဘော များဖြင့် အလည်အပတ်အစီအစဉ်များ၊
- Burmese speaking guide fees
- သက်ဆိုင်ရာ ဝင်ကြေးများ၊
- ဒေသခံဧည့်လမ်းညွှန် လိုက်ပါစီစဉ်ပေးမှု၊ လမ်းညွှန်နှင့် ယာဉ်မောင်းများအတွက် Tips Money အပါအဝင်၊
- အာမခံကြေး (Insurance)
ခရီးစဉ်တွင်မပါဝင်သော ဝန်ဆောင်မှုစရိတ်များ
- ခရီးစဉ်တွင်မပါဝင်သော အစီအစဉ်များ၊ ညပွဲများ စသဖြင့် လည်ပတ်ခြင်းများအတွက် အပိုကုန်ကျစရိတ်များ၊
- Hotel များတွင် Mini-bar အခပေးရုပ်သံ (Pay TV) နှင့် တယ်လီဖုန်းအသုံးပြုကုန်ကျစရိတ်များ၊
- အခြားကိုယ်ရေးကိုယ်တာအသုံးစရိတ်များ(ဥပမာ-သောက်ရေသန့်ဘူး၊အချိုရည်၊ အဖျော်ယမကာခများ၊ Hotel တွင်အဝတ်လျှော်ခများ စသဖြင့်)
- ပြည်တွင်း/ပြည်ပ လေယာဉ်များတွင် ဝန်ပိုတန်ဆာများ၊
- ဖော်ပြမထားသော အစားအသောက်စရိတ်များ၊
- ခရီးစဉ်တွင် ဖော်ပြမထားသောအခြားကုန်ကျစရိတ်များ။