Beijing-Shanghai-Hong Kong-Macao Trip
Tour Code :
Coverage : Beijing-Shanghai-Hong Kong-Macao
Tour Duration : 10 Days
Tour Type : Outbound Tour
YANGON
Tour အဖွဲ့သားများ ည (11:30)p.m တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Departure Hall တွင်စုစည်းပြီး Check In ၀င်မည်။
YANGON – HONG KONG – BEIJING
Yangon မှ Hong Kong သို့ KA251 (01:10/05:45) လေယာဉ်ဖြင့် ခရီးစတင်မည်။ တဖန် Hong Kong မှ Beijing သို့ KA900 (08:00/11:15) လေယာဉ်ဖြင့် ခရီးဆက်ပါမည်။ Beijing သို့ ရောက်ရှိပြီး နေ့လည်စာ သုံးဆောင်ပြီး ကမ္ဘာ့အံ့ဖွယ် (၇)ခုမှ တစ်ခုအပါအဝင်ဖြစ်သည့် Great Wall သို့ သွားရောက်လည်ပတ်မည်။ ထို့နောက် အိုလံပစ် ကျင်းပခဲ့သော Bird Nest + Water Cube Dinner (အပြင်) သို့ သွားရောက်လေလာမည်။ Dinner ကို ပီကင်းဘဲကင်စစ်စစ်ဖြင့် သုံးဆောင်မည်။
BEIJING
Breakfast သုံးဆောင်ပြီး Tian An Ming ရင်ပြင်၊ ပြည်သူ့လွှတ်တော်၊ သူရဲကောင်း ကျောက်တိုင်ရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်မည်။ မင်မင်းဆက်နှင့် မန်ချူးမင်းဆက်များတည်ခဲ့သော Forbidden City နန်းတော်ကိုလည်းသွားရောက်လည်ပတ်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဘုရင်အဆက်ဆက်များ ဆုတောင်းပွဲ ပြုလုပ်သောနေရာ ဖြစ်သည့် Temple of Heaven သို့ သွားရောက်လေ့လာမည်။ Wangfujing Street စျေးတွင် အမှတ်တရပစ္စည်းများဝယ်ယူနိုင်သည်။ Dinner သုံးဆောင်ပြီးနောက် ပီကင်းဆပ်က သို့ သွားရောက် ရှုစားမည်။
BEIJING – SHANGHAI
Breakfast သုံးဆောင်ပြီး ကျည်ဆန်ရထားဖြင့် SHANGHAI မြို့သို့ ခရီးဆက်ပြီး နေ့လည်စာကို ရထားပေါ်တွင် သုံးဆောင်မည်။ ထို့နောက် SHANGHAI သို့ရောက်ရှိကာ ရှေးဟောင်းရပ်ကွက်ဖြစ်သည့် Chenghuang Temple Ancient Street တွင်စျေးဝယ်နိုင်ပြီး Dinner သုံးဆောင်မည်။
SHANGHAI
Breakfast သုံးဆောင်ပြီး ရှေးဟောင်းရေပေါ်မြို့ကလေး Zhou Zhuang သို့ ကားဖြင့် ခရီးဆက်ပြီး မြို့တစ်မြို့လုံး၏အလှကို လှေဖြင့်လှည့်လည်ရှုစားမည်။ နေ့လည်စာသုံးဆောင်ပြီး Shanghai သို့ပြန်ပြီး Xiniandi ရပ်ကွက်သို့ သွားရောက်လည်ပတ်ကာ စျေးဝယ်နိုင်သည့်အပြင် ကွန်မြူနစ်ပါတီ ပထမဆုံးတည်ထောင်ခဲ့သော ဌာနချုပ်သို့ လေ့လာပြီးနောက် Dinner သွားရောက်သုံးဆောင်မည်။
SHANGHAI
Breakfast သုံးဆောင်ပြီး SHANGHAI မြို့၏တိုးတက်ပုံအဆင့်ဆင့်ကို SHANGHAI ပြတိုက်သို့ သွားရောက်လေ့လာပြီး NANJING စျေးသို့ပို့ဆောင်ပေးမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ORIENTAL PEARL TOWER ပေါ်သို့တက်၍ SHANGHAI မြို့တစ်မြို့လုံး၏အလှကို ရှုစားပြီး ရေအောက်လှိုင်ဂူရောင်စုံရထားကို စီးနင်းကာ တဖက်ကမ်းရှိ ကိုလိုနီရပ်ကွက်ဖြစ်သည့် THE BUND သို့ သွားရောက်၍ အမှတ်တရဓာတ်ပုံရိုက်မည်။ ထို့နောက် SHANGHAI ဆပ်က သို့ရှုစားပြီး Dinner သုံးဆောင်မည်။
SHANGHAI – HONG KONG
Breakfast သုံးဆောင်ပြီး လေဆိပ်သို့ ပို့ဆောင်ပေးကာ SHANGHAI မှ HONG KONG သို့ KA857 (08:00/11:15) လေယာဉ်ဖြင့် ထွက်ခွာမည်။ နေ့လည်စာကို ကမ္ဘာ့အကြီးဆုံး ရေပေါ်စားသောက်ဆိုင် Jumbo Kingdom တွင် သုံးဆောင်ပြီး Repulse Bay, Victoria Peak, Convention Center သို့သွားရောက်လေ့လာမည်။ Dinner သုံးဆောင်ပြီး Victoria Avenue of Stars သို့ သွားရောက်လည်ပတ်ရင်း ကမ္ဘာ့အကြီးဆုံး laser မီးပြပွဲကို ကြည့်ရှုပြီး တည်းခိုုမည့်ဟိုတယ်သို့ Check In ၀င်မည်။
HONG KONG
Breakfast ကို စားသောက်ဆိုင်တွင် Dim Sum ဖြင့် သုံးဆောင်ပြီး Cable Car စီးကာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဘုရား (Tian Tan Buddha) သို့ သွားရောက်ဖူးမျှော်ပြီး နေ့လည်စာကို သုံးဆောင်မည်။ ထို့နောက် Disney Land အတွင်းသို့ ၀င်ရောက်ကစားပြီး ညမီးရှုးမီးပန်းများ ကြည့်ရှုမည်။ (ထိုနေ့တွင် Dinner အစီအစဉ် မပါ၀င်ပါ။) ည (08:30)p.m မိမိ Group နှင့် Disney Land တွင် စုစည်းပြီး ဟိုတယ်သို့ ပို့ဆောင်ပေးမည်။
Day 9
HONG KONG – MACAO
Breakfast ကို စားသောက်ဆိုင်တွင် Dim Sum ဖြင့် သုံးဆောင်ပြီး MACAO မြို့သို့ အမြန်ယာဉ်ဖြင့် ခရီးဆက်မည်။ နေ့လည်စာကို MACAO တွင် သုံးဆောင်ပြီး Venetian (ကမ္ဘာ့အကြီးဆုံးဖဲဝိုင်း ဟိုတယ်) သို့ ပို့ဆောင်ပေးပြီး စျေးဝယ်၊ ဂိမ်းဆော့၊ လောင်းကစား လုပ်နိုင်သည်။ Dinner သုံးဆောင်ပြီး ဟိုတယ်သို့ ၀င်ရောက်အနားယူမည်။
MACAO – HONG KONG – YANGON
Breakfast သုံးဆောင်ပြီး MACAO မြို့၏ အထိမ်းအမှတ်ဖြစ်သော စိန်ပေါလ်ဘုရားကျောင်း၊ မားကျူကျောင်း၊ လွတ်လပ်ရေးကွင်းပြင်၊ မယ်တော်ရုပ်ထု တို့ကို သွားရောက်မည်။ နေ့လည်စာ သုံးဆောင်ပြီး လွတ်လပ်စွာ စျေးဝယ်နိုင်သည်။ နေ့လည် (03:00)p.m တွင် မိမိ Group နှင့် စုစည်းပြီး အမြန်ရေယာဉ်ဖြင့် HONG KONG လေဆိပ်သို့ ပို့ဆောင်ပေးကာ HONG KONG မှ YANGON သို့ KA250 (21:45/23:30) လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိမည်။